Thursday, April 29, 2010

* ယောက်ျား တယောက်၏ ဆွဲဆောင်မူ

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ. ရုပ်ရည်ချောမော ပြေပြစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။ မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို မခုံမင်တက်ပါဘူး။
အများသောအားဖြင့် ပေါ်ပြူလာဖြစ်သော ယောက်ျားများဟာ မင်းသားတစ်ယောက်လို ချောမော နေတာ ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို.တွေက အပြောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ် စသည့် နေရာများမှာ ကျွမ်းကျင်သူများ ဖြစ်ကျပါတယ်။

အလိုက်သင့်နေတတ်ခြင်း

သင်ချစ်တဲ့ မိန်းကလေး တစ်ယောက်နဲ. ရုပ်ရှင်ကြည့်ဖို.ထွက်လာတယ်ဆိုပါစို. ။ သင်က ကားမောင်းနေတယ်၊ အခြေအနေပေးလို. ကားလမ်းပိတ် နေတယ် ရှေ.ဆက်မောင်းလို.မရတော့ဘူး။ ထိုအချိန်က သင်က "ဟ ကားအစုတ်ပလုပ်တွေ ဘာလို. ကိုယ်ဖာသာအိမ်မှာ မနေပဲ ကမြင်းကြောထပြီး လမ်းပေါ်တက်လာကျတာတုန်း၊ လမ်းအစုတ်ပလုပ်ရဲ. ဒီလောက်တောင် ကျဉ်းရသလား" အဲ့သလို ဗျစ်တောက် ဗျစ်တောက် ပြောနေမလား။ ဒါဆို သင့်ဘေး က သင်ချစ်နေတဲ့ မိန်းကလေးက သင့်ကိုဘယ်လိုထင်မလဲ။
အဲ့လိုဗျစ်တောက်ဗျစ်တောက်ပြောမနေပဲ သင်ချစ်တဲ့ ကောင်မလေးကို သင့်ရဲ. အချစ်တွေ ဖွင့်ချလိုက်ပါလား။ ဖွင့်မချရဲသေးရင်လဲ ခဏနေကြည့်မယ့် ရုပ်ရှင်အကြောင်း တွေပြောလို.ရသေးတယ်၊ အဲ့ဒါမှ မဟုတ်ရင် အပျင်းပြေ ရယ်စရာ စကားလေးတွေ ပြောပေါ့။ ဒါဆို သူမ က သင့်ကို အခြေအနေ အချိန်အခါ လိုက်ပြီး ပြောတတ်ဆိုတတ်တယ် ဆိုတဲ့ အမှတ်ပေးသွားပါလိမ့်မယ်။

အပြောချိုခြင်း

သင်ရဲ.ရုပ်ရည်ထက် ဆွဲဆောင်မူရှိတာ တခုရှိတယ်။ သင့်ရဲ.အပြောချိုချိုလေးတွေ ကြောင့် သူမ က သင့်ကို အားထားရတဲ့ သူအနေဖြင့် သတ်မှတ်တတ်ပါတယ်။ သင့်ရဲ. အသံတွေ တုန်နေမယ်၊ အက်နေမယ် ဆို၇င် သင့်၇ဲ. ရာဇ၀င်ဘယ်လောက်ကောင်းပါစေ။ သင့် ကို အထင်ကြီးစိတ် တွေ ပျက်ပြယ် စေနိုင်ပါတယ်။

ဦးဆောင်တတ်ခြင်း

သင်တို.နှစ်ယောက် စားသောက်ဆိုင်တွင် တခုခုစားမယ် လုပ်ချိန်မှာ။ ကောင်မလေး က menu ကြည့်ပြီး တွေဝေနေတယ်ဆိုပါတော့။ ထိုအချိန်မှာ သင်က 'ဒါဟာ စားကြည့်ပါလား၊ အရမ်းကောင်းတယ် နင်ကြိုက်လောက်တယ်။ ' စသဖြင့် ဦးဆောင်မူလေးတွေလုပ်ပြလိုက်ပါတယ်။ သူမ ဘာစားမှန်း မသိဖြစ်နေတာကို ထိုင်ကြည့်မနေနဲ.လေ။

မိန်းကလေးတိုင်းက သူတို.ရဲ. စိတ်ကူးထဲက မင်းသားလေး တွေနဲ. တွေ.ဖို.စိတ်ကူးယဉ်တတ်ကျတယ်။ သင်က မင်းသားလေး မဖြစ်ခဲ့ရင်တောင် အထက်ပါ အချက်လေးတွေနဲ. ကိုက်ညီအောင် နေတတ်ရင် မင်းသားလေး နဲ.တော. စရိုက်ခြင်း နီးစပ်နေပါပြီ။

No comments:

Post a Comment